နေ့သစ် -ArKar Minn (စ/ဆုံး)
တိတ်တခိုးမှ ကူးယူဖော်ပြသည်။ အာကာမင်း ရေးသားသည်။ ကူးယူသူ Aung Thuya ဦးထွန်းလွင်ဆိုတာက သူတို့မြို့ရဲ့မျက်နှာဖုံးသူဌေးတယောက်ဟု ဆိုနိုင်ပြီး သူ့မှာ ကြီးမားလှသောပလာဇာကြီးတခုနှင့် ဆန်စက်တွေလည်းပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ဦးမင်းလွင်မှာ အလွန်ပင်အလုပ်များသောလူတယောက်ဖြစ်ပြီး အချိန်တိုင်းကငွေ ဟူသော ခံယူချက်ဖြင့် အလုပ်လုပ်သောသူလည်းဖြစ်သည်။ သူ့တွင် မိသားစုဟူ၍ များများစားစားမရှိဘဲ ဇနီးသည်ဒေါ်ကလျာမိုးနှင့် တဦးထဲ သောသားဖြစ်သူ မိုးမင်းတို့သာ ရှိလေသည်။ ဦးမင်းလွင်မှာငွေကြေးချမ်းသာကြွယ်ဝသူတို့ရဲ့ထုံးစံအတိုင်း ပညာရေးကိုအထင်မကြီးတတ်ဘဲ ငွေသာရှိလျှင် ပညာတတ်တွေကိုပင်ခိုင်းလို့ရသည်ဟု ခံယူထားသည်။ ဦးမင်းလွင်ငယ်စဉ်က လည်း ပညာရေးကိုစိတ်မဝင်စားဘဲ အပျော်အပါးကိုသာ ခုံမင်လိုက်စားလွန်းအားကြီးသဖြင့် မိဘတွေကခြေငြိမ်သွားစေရန်အတွက် မိန်းမပေးစားခဲ့ပြီး သူတို့စီးပွားရေးတွင် ဝင်ရောက်လုပ်ကိုင်စေသဖြင့် ဦးမင်းလွင်မှာတဖြေးဖြေးနဲ့ ငွေဇောကပ်လာပြီး အလုပ်တွင်အချိန်ပေးလာခဲ့ခြင်းဖြစ်သည်။ သူဌေးကတော်ဖြစ်သော ဒေါ်ကလျာမိုးမှာ လင်ဖြစ်သူရဲ့ပြုစုယုယမှုကို မခံစားခဲ့ရပေ။ သူမအတွက် ဦးမင်းလွင်ဘက်ကနေ လိုလေသေးမရှိအောင် စည်းစိမ်တွေနဲ့ထားေ